Wednesday, April 24, 2013

SHIGA


ကက်သလစ် ဂီတဓမ္မပြဇာတ် အမျိုးသား ကဇာတ်ရုံတွင် ပြမည်

အမေရိကန်နိုင်ငံ Wagner’s “Ring” cycle ထုတ်လုပ်ရေးမှ တင်ဆက်ပြသသည့် ကက်သလစ် ဓမ္မပြဇာတ်
ကက်သလစ် အသင်းတော်၏ ယုံကြည်ခြင်းနှစ် အထိမ်းအမှတ် (JESUS OF NAZARETH THE MUSICAL) နာဇရက် မြို့သား ယေဇူး ဂီတဓမ္မပြဇာတ်ကို ဧပြီ ၂၇ နှင့်၂၈ ညနေတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားပြဇာတ်ရုံ၌ ကျင်းပမည်ဟု ပွဲတာဝန်ခံ ကိုဇေဗီးယားထံမှ သိရသည်။
ကက်သလစ် တေရေးဆရာများဖြစ်သော ရယ်ဂျီ၊ ဂျေမီ၊ ဖရက်ဒီ၊ ဆေရလ်၊ ဂျွန်သင်ဇမ်၊ Fr.David မောင်မောင်ထွန်း၊ ဆိုင်းနော်တို့၏ လက်ရာ ကိုယ်ပိုင်သံစဉ် တေး ၁၃ ပုဒ်ကို ဂျေမီ၊ အနဂ္ဂ၊ ဖရက်ဒီ၊ မြတ်နိုးဟန်၊ သားကြီး၊ ဆိုင်းအောင်၊ ဆိုင်းနော်၊ ရွယ်ဂျီ၊ ဆေးရယ်၊ ဖရန်စစ်၊ ဂျွန်၊ Sr ဉာဏ်ပိ၊ နွဲ့ယဉ်ဝင်း၊ ချစ်သုဝေ၊ နေနေ၊ ချမ်းချမ်း၊ အွန်ဆိုင်း၊ ဖရက်ဒီ၊ သံသာဝင်း၊ ချစ်ဆုဝေ၊ အိုင်ရင်း၊ မာဂရက်တို့က နောက်ခံ ဇာတ်ဝင်တေးသီချင်းများ သီဆိုကြမည်ဖြစ်ပြီး သရုပ်ဆောင် များအဖြစ် ဖရယ်ဒီ၊ ချစ်သုဝေ၊ ချစ်ဆုဝေ၊ အွန်ဆိုင်း၊ ရွယ်ဂျီးနား၊ Fr. ဘရူးနိုတို့နှင့် လူငယ်အဖွဲ့များက လည်းကောင်း၊ ဟာမိုနီ ANAPHORA အဖွဲ့၊ တေးဂီတ Lazy club နှင့် The Ugly Band တို့ကလည်းကောင်း ပါဝင်တင်ဆက် ကြမည်ဟု ကိုဇေဗီးယားက ဧရာဝတီသို့ ပြောသည်။
၎င်းပြဇာတ်တွင် ပါဝင်သော တေးသံရှင် နွဲ့ယဉ်ဝင်းက မြန်မာပြည်တွင် မလုပ်ခဲ့ဘူးသော ခရစ်ယာန်ဓမ္မဂီတ ပြဇာတ်ကြီး တခုကို ခမ်းနားစွာ တင်ဆက်နိုင်တော့မည် ဖြစ်ကြောင်း၊ ရန်ုကုန်မြို့ အမျိုးသားဇာတ်ရုံတွင် တင်ဆက်မည့် ပြဇာတ်ကို သက်ဆိုင်ရာက ခွင့်ပြုချက် များလည်း ရယူပြီးဖြစ်သကဲ့သို့ တင်ဆက် ကပြမှု များအတွက် ပြင်ဆင်မှုများသည်လည်း အားရဖွယ် တွေ့မြင် နေရကြောင်း၊ ဘာသာရေးကို အခြေခံသော မငြိမ်မသက်မှုများ ဖြစ်ပေါ်နေချိန်တွင် မေတ္တာတရားကို အခြေခံသော သွန်သင်မှုများ သိရှိစေရန်၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်း၊ မေတ္တာနှင့်ဓမ္မကို သိရှိစေရန် ရည်ရွယ်ကြောင်း၊ စစ်မှန်သော ပျော်ရွှင်ငြိမ်းချမ်းမှုများကို ငတ်မွတ်နေကြသော နှလုံးသားများ၏ လိုအပ်ချက်များအား ဖြည့်ဆည်း ပေးနိုင်ရန် များပြားလှသော ကြိုးစားအားထုတ်မှုများထဲမှ တခုသာဖြစ်ကြောင်း ဧပြီ ၆ ရက်နေ့က ကျင်းပသည့် ၎င်းပွဲနှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောခဲ့သည်။
ပြဇာတ်တွင် အနုပညာရှင် ၁၀၀ ကျော် ပါဝင်တင်ဆက်မည် ဖြစ်ပြီး အနုပညာရှင်များသည် မေတ္တာဖြင့် ကူညီကြခြင်း ဖြစ်ကြောင်း၊ လက်မှတ်တစောင် ၅၀၀၀ ကျပ်ဖြင့် ၀၉၄၂၁၁၃၁၅၁၅၊ ၀၉၄၃၀၇၁၃၄၃ သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း၊ Channel 7၊ MRTV4 နှင့် Sky Net တို့တွင် တိုက်ရိုက်ပြသနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

No comments:

Post a Comment